my Fav kissing styles

when u kiss.. bcareful..
dun anihow kiss n give wrong hints.. lol
What a kiss means.

*Kiss on the belly—-”lets have sex”
*Kiss on the Forehead —-”Forever you will be mine”
*Kiss on the Ear —”I’m horny”
*Kiss on the Cheek —”I adore you”
*Kiss on the Hand —”We’re Friends”
*Kiss on the Neck —”I want you so bad it’s not
even funny”
*Kiss on the Shoulder —”We belong together”
*Kiss on the Lips —”I love you” OR “I want you”
*Holding Hands —”We can learn to love each other”
*A wink —”Let’s get it on”
*Slap on the Butt —”That’s mine”
*Playing with the Ear —”I can’t live without you”
*Holding on tight —”Won’t let go”
*Looking into each other’s Eyes —”Don’t let go”
*Playing with Hair on Head —”I’m crazy about you”
*Arms around the Waist —”I love you too much to
let go”
*Laughing while Kissing —”I am completley
Comfortable with you”



ကျနော်နဲ့ မိန်းကလေးများ

ကျနော် ကျနော်နဲ့ သုံးတတ်တဲ့ မိန်းကလေးတွေကိုတွေ့ ဖူးတယ်
မြန်မာပြည်မှာနေတုန်း က ကလေးအရွယ်ဆိုတော့ အဲဒီ ကျနော် ဆိုတာ ကို မသုံးလိုက်ရဘူး
ဒီရောက်တော့  U & Iပဲ သုံးဖြစ်တယ်

ဟိုမရောက် ဒီမရောက်တဲ့ ကျုပ်အနေနဲ့ ကတော့ 
ကျုပ် ကိုကျုပ် ကျုပ်လို့ ပဲသုံးတာများတယ်
အဲတာကလည်း မားသားကြီးအပြစ်လို့ ပြောလို့ ရတာ
အရွယ်ကလည်းနဲနဲရောက်လာတော့ 
ဗမာလူမျိုးတွေနဲ့ စကားပြောရင် ဘယ်လို သုံးပြီးပြောရမလဲမသိဘူး
တချို့ မိန်းကလေး တွေကတော့  မီး မီးနဲ့ 
တချို့ က တော့  သာမီး တဲ့ 
တချို့ ကတော့  တို့ တဲ့ 
တချို့ ကတော့  အိုင်တဲ့ 
တချို့ ကတော့ ကျနော်တဲ့ 
တချို့ ကတော့ သူများတဲ့ 
တချို့ ကတော့ များ တဲ့ 
တချို့ ကတော့ ကျမတဲ့ 
အဲဒီ နာမ်စားတွေ သုံးကြည့် တယ် အီး လျှာယားလိုက်တာ
နောက်ဆုံးတော့ 
မားသားကြီး ကသူသူငယ်ချင်းတွေနဲ့ ဖုန်းပြောရင် ဘေးက ကြည့်မိတယ်
သူ ကတခါတခါ တော်နဲ့ ကျုပ်လို့ သုံးတယ်
တခါတခါ ကျမနဲ့  ဘယ်သူ ဘယ်ဝါဆိုပြီးသုံးတယ်

နောက်ကျတော့ ကိုယ်နဲ့ မသိတဲ့ သူများဆို ကျုပ်လို့ ပဲသုံးတော့တယ်
တောနဲနဲဆန်ချင်ဆန်မယ် ဒါပေမယ့်  သုံးရတာအရသာရှိတယ်
“ကျုပ်”ဆိုတဲ့ နာမ်စား က ကျားမမရွေးသုံးလို့ ရတယ်

အဲလို နဲ့ တချို့ မိန်းကလေးများ ကျနော်လို့ သုံးတဲ့ နေရာကို ဝင်ပြီးစပ်စုမိပြန်ရော
ကျနော်လို့ သုံးရာမှာ မိန်းကလေးနှစ်မျိုးကို ကိုယ်စားပြုတယ်
တမျိုးက ယောကလျာ
နောက်တမျိုးက မန်းတလာသူတွေ
ငယ်ငယ်တုန်းကဆို ကျနော်လို့ သုံးတဲ့ သူတွေက တကယ် ယောကလျာမတွေ
ခုခေတ်ကျတော့ ဘယ်မိန်းကလေးမဆိုသုံးကျတာတွေ့ လာတယ်
ကျနော်လို့ သုံးတိုင်း သူတို့ ကို ယောကလျာလို့ သတ်မှတ်လို့ မရတော့ဘူး
“ကျနော်”လို့ ဘာလို့ သုံးလဲဆိုရင် “ကျုပ်”နဲ့ ဆိုင်ရင် သူ က ခေတ်နဲနဲဆန်တယ်
“ကျုပ် “လို မျိုး တောမဆန်ဘူး
တခါတခါ မိန်းကလေးစစ်စစ်တွေတောင်မှ သူတို့ ကို သူတို့ ကျနော် ဆို မျိုးသုံးလာကြတယ်
ကျုပ်အဖို့ ကတော့ ရီစရာပဲ
ဘာလို့ သူတို့ လေးတွေ မိန်းမစစ်ရက်နဲ့ ကျနော်လို့ သုံးရတာလဲဟင်
ယောကလျာလို့ ထင်ရင်လည်း စိတ်ဆိုးသေး:lol::lol:
“မြင် ဝူး ယား ကျနော် မှာ ဘဲရှိတယ်”တဲ့ လေsmileysmiley



ချစ်သူနာမည်

လူတွေကတော့ ချစ်သူနာမည်ကိုအမျိုးမျိုးခေါ်တတ်ကြတယ်
ကောင်မလေးများကကောင်လေးများကို
မောင် တဲ့ 
ကိုတဲ့ 
အကိုတဲ့ 
ကိုကိုတဲ့ 
ကိုကိုကြီးတဲ့ 
ကိုကြီးတဲ့ 
ဦးလေးကြီးတဲ့ 
သေနာကြီးတဲ့ 
ဟေ့ကောင်ကြီးတဲ့ 
ယောကျာ်းတဲ့ 
darlingတဲ့ 
honeyတဲ့ 
babyတဲ့ 
Pig pa paတဲ့ 
Lao gongတဲ့ 
sayangတဲ့ 
Baby boyတဲ့ 

ယောကျာ်းလေးများကလည်းကောင်မလေးတွေကို
အသဲ တဲ့ 
သဲလေးတဲ့ 
ချစ်လေးတဲ့ 
ချစ်သူတဲ့ 
ရည်းစားတဲ့ 
မောင်အသဲလေးတဲ့ 
မောင်အချစ်လေးတဲ့ 
မိန်းမတဲ့ 
ကောင်မတဲ့ 
Pig ma maတဲ့ 
lao poတဲ့
sweetheartတဲ့ 
baby girlတဲ့ 
babyတဲ့ 
My Bတဲ့
စဉ်းစားမိတယ်
ချစ်သူကကိုယ့်ကိုအမှတ်ရစေဖို့ နာမည်ဆန်းဆန်းတွေထွင်သုံးပြီးခေါ်နေကျပေမယ့် 
တကယ်တမ်းကွဲတဲ့ အခါ အဲဒီနာမည်လေးတွေကချစ်သူအတွက်အမှတ်မရပဲ
ကိုယ်အတွက်အမှတ်တရအဖြစ်ကျန်သွားတတ်ကြတယ်



တချက်တချက် မျက်နှာကိုရေလာစင်နေသည် မျက်နှာကိုလက်နဲ့ အသာပွတ်ပြီးတခြားဘက်လှည့်အိပ်လိုက်သည်
မိုးသံလေသံတော့အပြင်မှာကြားနေရတယ်
ကြည့် ရတာ ဒေါ်လေးသီတာ ခေါင်းရင်းကတံခါးကို အိပ်ခါနီးမပိတ်မိဘူးနဲ့ တူတယ်
အိပ်လက်စဆက်အိပ်မိသည်
မကြာပါ ခြေထောက်ကိုပါရေလာစိုသည်
ဒီတခါ ဆတ်ကနဲ နှိုးလာသည် အော အိပ်ခန်းတံခါးကပွင့်နေတာကိုး
အခန်းကမှောင်ပေမယ့် လျှပ်စီးလျှပ် တာကြောင့် တချက်တချက် အလင်းရောင်ကိုမြင်ရသည်
အိမ်ရှေ့ တံခါးပေါက်ကလည်းပွင့်လို့ 

ကြည့် စမ်း တအိမ်လုံးတံခါးတွေပွင့်နေတာတောင် လူတွေကမနိုး ကြဘူး
စိတ်ဆိုးဆိုးနဲ့ ဘေး ကိုကြည့်လိုက်တော့ ဒေါ်လေးသီတာက အိပ်လို့ ကောင်းတုန်း
သူကိုလှမ်းနှိုးဖို့ ကို ခုတင်ပေါ်က ခြေထောက်ချတော့
ပထမဆုံးထိမိတာက ရေတွေ

ဘယ်လို လုပ်ရေတွေအခန်းထဲဝင်နေတာပါလိမ့် ငါနေတာ ၅ထပ်မှာပါ
ရေထဲကနေ ဖြတ်လျှောက်ပြီး အမေတို့ ရှိတဲ့ အခန်းကို တံခါးခေါက်ကြည့်သည်
တံခါးကိုlockမလုပ်ထားရ်ျ ဝင်လာခဲ့ သည် သူတို့ ကလည်းအိပ်လို့ ကောင်းတုန်း
ကြောက်ကြောက်နဲ့ အမေကိုအရင်နိုးလိုက်သည်

“အမေ ထအုံးဗျ ကျုပ်အခန်းထဲရေတွေဝင်နေလို့ ”
“မီးအရင်ပွင့်လိုက်လေ”
“ဟောဗျ မီးလည်းမလာဘူး”
“စင်ကာပူမှာနေတာကြာလှပြီ ခုမှပဲညကြီးသန်းခေါင်းမီးပျက်တာကြုံဖူးတယ်”

အမေက အဖေကို လှမ်းနိုးလိုက်သည်
အိပ်ချင်မူးတူးနဲ့ အဖေပါထလာသည် ဘာဖြစ်ကြတာတုန်း
အိမ်ထဲရေတွေဝင်လို့ အဖေရေ
ဟုတ်လား
အဖေအိမ်ရှေ့ ကို ထွက်လာတော့ကျုပ်တို့ ပါနောက်ကလိုက်တာကြသည်
ရေဝင်ရာ လမ်းကို အမှောင်ထဲ စမ်းလျှောက်မိကြတော့ အိမ်နောက်ဖေး ပြတင်းပေါက်ကဖြစ်နေသည်

“ဟာ ”
ပြတင်းပေါက်ကိုလှမ်းအပိတ် အဖေ့ဆီကအော်သံ
ရေတွေရေတွေ တက်လာတာ ၃ထပ်တောင်မြုပ်နေပြီ

————–
အပြေးတပိုင်းနဲ့ ကျုပ်သားအမိသားအဖ ၃ယောက် အိမ်ရှေ့ ကို လာေ၇ာက်လာပြန်သည်
အိမ်ရှေ့ ကပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တော့ အမှောင်ထဲမှာ ရေနက်နက်တွေ အိမ်ရှေ့ ကလမ်းတလျှောက် ဖြတ်ပြီးစီးဆင်းနေသည်
အရင်တုန်းကလည်း မိုးတွေသဲသဲမဲမဲရွာဖူးပါရဲ့ နဲ့ ဒီတခါ ထူးဆန်းတာကို လမ်းဘေးတဖက်တချက်မှာ ဆောက်ထားတဲ့ HDB buildingတွေရဲ့ ၃ထပ်လောက်အထိမြုပ်ကုန်သည်

ကျုပ်စိတ်တွေလှုပ်ရှားပြီး ဘာလုပ်ရမလဲမသိတော့ 
သက်ကယ်လှေမပြောနဲ့ လှေတူတာဆိုလို့ ဘာမှမရှိ
အဖေကတော့ပြောတယ် ကယ်ဆယ်ရေးတွေလာတော့မှာပါ
ဖြစ်နိုင်ပါ့လား
စင်ကာပူတနိုင်ငံလုံး လျှပ်စစ်မီးတွေ ဖုန်းလိုက်တွေပြန်နဲ့  ကျုပ်တို့ ကိုကယ်မယ့် သူတွေတောင်
ဒီလောက်သည်းတဲ့ မိုးတွေကြားထဲရောက်အောင်လာနိုင်ပါ့မလား
တဖြည်းဖြည်းနဲ့ ကျုပ်စိတ်တွေအားငယ်လာတယ်

အားငယ်စိတ်တွေ အသာထားပြီး အိပ်ပျော်နေတဲ့ ကျုပ်ဒေါ်လေးကို ဝင်နှိုးလိုက်တယ်
သူလည်းအဖြစ်အပျက်အမှန်ကိုသိတော့ စငိုပါလေရော

ကျုပ်တို့ လည်း ရေ ဒီထက်ထပ်မတက်လာပါစေနဲ့ လို့ ဆုတောင်းနေရတယ်
အဲလိုနဲ့ မနက် ၉နာရီလောက်ကြတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရပြီ
ဘာလို လည်းမသိဘူး နေသာနေတယ် ဒါပေမယ့် လူတွေကတော့ မသာနိုင်ရှာဘူး
အိမ်အရှေ့ ဘက်လမ်းမကို အသာကြည့်လိုက်တော့ သစ်ပင်တွေ အမြစ်ကပါပြီးေ၇စီးနဲ့ အတူမျှောလာတာတွေ့ ရတယ်
တခါတခါလူသေတွေပါ ပါလာတတ်တယ်
အဲဒီအချိန်မှာ
ဝုန်း ဆိုတဲ့ အသံကိုအနောက်ကနေ ကြားရတယ်
ကျုပ်တို့ ဘေးနားက HDBတလုံး ဝုန်းဆိုတဲ့ အသံနဲ့ အတူ တဖြည်းဖြည်းချင်း ရေထဲနစ်နေတာကျုပ်မျက်စိနဲ့ တပ်အပ်မြင်နေရတယ်
အဲဒီတိုက်အောက်ကကျုပ်စားနေကြhawker centreဆိုရင် မနေ့ ညသန်းခေါင်လောက်ထဲကရေအောက်ကိုရောက်နေရှာလောက်ပြီ

၅ထပ်ကလူတွေ ၆ထပ်ကိုပြေး ၆ထပ်ကလူတွေ ၇ထပ်ကိုပြေးနဲ့  တအိအိနစ်နေတဲ့ HDB Buildingအပေါ်ကို အလုအယက်ပြေးနေကြတယ်
ကျုပ်တွေးမိတယ် သူတို့ ပြေးလို့ ၁၁ထပ်ကိုရောက်ရင် ဘယ်ဆက်ပြေးမလဲလို့ 

အဲဒီအချိန်မှာပဲ ဝေါ ဆိုပြီးအိမ်ရှေ့ ကအသံမြည်လာတယ်
၁၀ထပ်လောက်မြင့် တဲ့ ရေလှိုင်းကြီးတွေလမ်းထဲကိုစလှိမ့်လာတယ်
ကျုပ်ဘာလုပ်ရမှန်းမသိဘူး အဖေတို့ အမေတို့  ဒေါ်လေးတို့ ကတော့ အဝတ်အစား ရွှေငွေတွေထည့် ထားတဲ့ အိတ်ကို ကိုယ်နဲ့ မကွာလွယ်လို့ 
စိတ်ထဲမှာတယောက်လို သလိုလို ခံစားမိလိုက်တယ်

ဖွားလေး
လေဖြတ်ပြီးအသက်ကိုပိုက်နဲ့ ဆက်နေရတဲ့ သူ
တချိန်လုံး တမနက်လုံး သူကို အားလုံးကမေ့နေကြတာ
ကျုပ်တို့ နဲ့ နေတာကြာလှပေါ့ ကျုပ်တသက်ပဲဆိုပါတော့
လွန်ခဲ့ ၂ နှစ်လောက်ကမှလေဖြတ်သွားပြီးစကားတောင်မပြောနိုင်တော့ဘူး
အလုပ်တွေအရမ်းရှုပ်တဲ့ စင်ကာပူလို နိုင်ငံကြီးမှာ
ဘယ်သူမှ သူ့ ကိုမကြည့် အားဘူး တခါတလေရှိတယ်လို့ တောင်မထင်ဘူး

ဒါပေမယ့် ဖွားလေးက ပုံပြောကောင်းတယ်ဗျ
တခါတခါ ဆူနာမီဆိုတဲ့ လှိုင်းလုံးကြီးတွေအကြောင်းကျုပ်ငယ်ငယ်တုန်းက ပြောပြဖူးတယ်
အမေတို့ မွေးတဲ့ ၂၀ဝ၄ တုန်းက အမေကို လည်း အဲဒီဆူနာမိဆို တဲ့ လှိုင်းလုံးကြီးတွေကြားကကယ်ခဲ့ ဖူးတယ်ဆိုပဲ
ကျုပ်တို့ အမေနေခဲ့ တဲ့ မြန်မာပြည်နဲ့ အတူ အခြားနိုင်ငံတွေကိုဆူနာမိဆိုတဲ့ လှိုင်းလုံးကြီးကဖျက်စီးခဲ့ ဖူးတယ်တဲ့ လူတွေတော်တော်များသေခဲ့ တယ် လှိုင်းကြီးတွေက ထန်းတပင် ၁၀ထပ်တိုက်လောက်မြင့်တယ်တဲ့ 
……………………….

သမီး မြန်မြန်လာစမ်း
ဟိုမှာကယ်ဆယ်ရေးတွေလာနေပြီ
အိမ်နောက်ဖေး ပြတင်းပေါက်ကနေအမေလှမ်းခေါ်နေသည်
ကျုပ်မပြောမဆိုနဲ့ အခန်းထဲဝင်ပြီး ဖွားလေးကို ပိုက်တန်းလန်းနဲ့ ပွေ့ ချီပြီး ပြတင်းပေါက်နားခေါ်လာသည်

ကယ်ဆယ်ရေးသမားကို အဖွားကို အသာပြောင်းပေးလိုက်သည်
အဖွားလည်း ရဟတ်ယာဉ်ထဲအရောက် ကျုပ်ပါ ပြတင်းပေါက်က တက်မယ်အလုပ်
လူမဆန့် တော့ဘူးဗျို့  အထဲမှာတခြားတိုက်က လူတွေပါသေးတယ်

ဟုတ်ပါ့ လူတိုင်းလူတိုင်းဟာ အထုပ်ကုန်စီနဲ့  သူတို့ အထုပ်ကို မခွဲနိုင်မခွာရက် တွယ်ကပ်နေလိုက်ကြတာ သူတို့ အထုပ်ကို ရေထဲပစ်ကြလိုက်ရင် ကျုပ်တယောက်အသာလေးတက်လို့ ရတာကိုသိသိနဲ့ 

ဟို သေခါနီးအဖွားကြီးကိုချလို က်ပေါ့
သူ့ မှာဘာမှမပါတာ
အေးလေ သေခါနီးဟာကို စောစောသေတာနဲ့ နောက်မှသေတာပဲကွာတာဟာကို
လူတွေ ဟိုတပေါက်ဒီတပေါက်ပြောနေချိန် အထဲကဖွားလေးရဲ့ မျက်နှာကို ကျုပ်တချက်လှမ်းကြည့်မိသည်
အို ဖွားလေး မျက်လုံးမှာမျက်ရည်တွေနဲ့ 

ကျုပ် အိမ်ထဲပြန်ဝင်ပြီး အိမ်နောက်ဖေးပြတင်းပေါက်ကိုlockချလိုက်သည်
အဖေ နဲ့ အမေတို့ ရဟတ်ယာဉ်ပေါ်ကမကျရုံတမယ် ကျုပ်ရှိရာပြတင်းပေါက်ကိုလက်တွေဝှေ့ ယမ်းနေကြသည်

အမေတို့ ကိုအသာကျောခိုင်းပြီး ဧည့်ခန်းထဲကိုပြန်လာသည် ရေလုံးကြီးတွေကျုပ်ကိုသယ်သွားလို့ ရအောင် ဧည့် ခန်းပြတင်းပေါက်ရောက် အိမ်ရှေ့ တံခါးမကြီးပါဖွင့် ထားလိုက်သည်

ဝေါ
ရေသံတွေကြားနေရသည် ထိုအတူ ဖွားလေးအသံလည်းကြားနေရသည်
မြေးရေ ဖွားလေးတော့ ဒီဆူနာမိဆိုတဲ့ ကပ်ကြီးကိုကြုံဖူးလို့ ကြောက်တယ်ကွယ်
သေခါနီးမှ အဲဒီဆူနာမိကြီးနဲ့ ထပ်ကြုံပြီးမသေပါရစေနဲ့ လို့ ဘုရားမှာနေ့ တိုင်းဆုတောင်းမိတယ်
ဖွားလေးရေ တောင်းတဲ့ ဆုနဲ့ ပြည့် ပါစေ
ကျုပ်ကောင်းမှုအတွက် အဝေးကနေ သာဓုခေါ်ပြီးပါ

ဖွားလေးကိုတ အပြီး ကျုပ်တကိုယ်လုံး ရေထဲကို ရောက်သွားသည် မကြာခင်မှာ ကျုပ်ဒီရေတွေနဲ့ အတူ ဒီကိုယ်ခနွာကြီး ကို ထားခဲ့ ရတော့မှာပါလားလို့ 

Dr. Smith is especially concerned about an earthquake that occurred near the Andaman Islands on June 26, 1941. That earthquake had a magnitude of 8.7. “Earthquakes occur in cycles between fifty and a hundred years”, he explains. “You need time for them to accumulate.”

It’s been over 60 years since the June 1941 earthquake and another similar earthquake could happen again between now and 2011, he predicted.

Singapore and Malaysia are especially vulnerable according to Dr. Smith. An earthquake between the Andaman and Nicobar Islands could generate a tsunami that will travel directly towards the Straight of Malacca. As the channel narrows heading towards Singapore, more water will build up creating huge waves potentially bigger than the December 26 tsunami.
http://www.seapabkk.org/newdesign/fellowshipsdetail.php?No=452

i dream abt Tsunami last nite n it was reali scary.. i imagine da senario n write this plot.hehehe
we dun noe.. when is da next tsunami tt will hit singaore one day. act, i’ve read tis article last yr in strait time newspaper.

17-05-2006



“ကိုကို ဟိုရောက်ရင် ကောင်မလေးတွေကို လိုက်မကြည့် ရဘူးနော်
ပြီးတော့ ယောကျာ်းလေးသူငယ်ချင်းတွေထားရင် လည်း ကိုကိုမှာ ချစ်သူရှိတယ်ဆိုတာပြောထား
ဒါမှ သူတို့ က ကို ကို့ ကိုတခြားကောင်မလေးတွေနဲ့ မစမှာ
ပြီးတော့  မြန်မာတွေ စုစုရုံးရုံးရှိတဲ့ နေရာတွေလည်းမသွားနဲ့ 
နွယ်ဆီကိုလည်း တပတ်တခါဆက်
မရရင်googletalkနဲ့ ပြော ကြားလား”

“အင်း အင်း ကြား ပါတယ်နွယ်ရာ ကိုဟိုသွားတာ ကျောင်းသွားတတ်တာ
ရည်းစားသွားထားမှာမဟုတ်ဘူး
ကို က ကိုယ့် ဒူး ကိုယ်ချွန်ချင်လို့ တယောက်တည်းသွားရတာ မဟုတ်ရင် နွယ်လေးကို
တခါတည်းခေါ်ချင်တာ
ကျောင်းပြီးအောင် စောင့်နော် ကျောင်းပြီးလို့ PRရရင် ကို ချက်ချင်းခေါ်လိုက်မယ်”
“ဟွန်း အပြောကတော့ ရွှေမန်းတင်မောင်အတိုင်းပဲ ရွှေမန်းကိုကိုလို့ ပဲခေါ်လိုက်ချင်တော့တယ်”

ရန်ကုန်က နှစ်ချို့ ချစ်သူလေးကို အဲလောက်ပြောမှတော်ရာကျတယ်
၈တန်းလောက်ထဲကရည်းစားဖြစ်လာတာဆိုတော့ ခုချိန်မှဖြတ်ရအခက်မှတ်လား
စင်ကာပူ မသွားခင် တပူပူ တဆာဆာနဲ့  ဟိုမိန်းကလေးနဲ့ မပေါင်းနဲ့ 
ဒီမိန်းကလေးနဲ့ မတွဲနဲ့ 
ဟို သင်္ကြန်ပါနဲ့  ဒီသင်္ကြန်မသွားနဲ့ နဲ့  ဟာ နားကိုငြီးလို့ 
နားပူနားဆာလုပ်လွန်းလို့ 
ကျနော် စင်ကာပူမှာကျာင်း၃နှစ်တက်တာကိုစိတ်မချလို့ တဲ့ ဗျာ
ယူပါ ယူပါနဲ့  စေ့စပ်ထားလိုက်ရတယ်
နွယ်ကိုချစ်လားဆိုတော့ ချစ်တာပေါ့ သူလောက် ကျနော်ပေါ် နားလည်မယ့် သူဒီလောကမှာရှိမှာတောင်မဟုတ်ဘူး ဒါကြောင့်လည်း စေ့စပ်ပွဲလုပ်ခဲ့ တာပေါ့
ဒါပေမယ့် ဗျာ ကျနော် အသက်က ၁၈တောင်ပြည့် သေးတာမဟုတ်ဘူး
ဘယ်တတ်နိုင်မလဲလေ

စေ့စပ်ပွဲပဲဟာ မင်္ဂလာဆောင်တာမှမဟုတ်တာ

Enrollment day

Are you international student?
Yes yes.

Then you go to the booth over there and sign up the form please
ok.

your admission card please?
here you go.

အော သူက မြန်မာလား
ုဟုတ်ပါတယ်ခင်ဗျား ဒီကအစ်မကြီးကမြန်မာပဲလား
ဟယ်တော့ လူကိုများ မှတ်ထား တို့ ကသူနဲ့ အသက်တူတူပဲ
ရုပ်ကအဲလောက်တောင်ရင့်နေလို့ လား တို့ ဆိုတဲ့ မိန်းကလေးက သူ့ ကိုအစ်မကြီးခေါ်ရကောင်းမလားပုံစံနဲ့  အင်မတန်မခံမ၇ပ်နိုင်ဖြစ်နေရှာသည်

မဟုတ်ရပါဘူးဗျာ ကျနော်ကရိုသေသမှုနဲ့ အစ်မကြီးခေါ်မိတာပါ ဟဲဟဲဟဲ
ပွကောင်းတုန်းပွထား ငါ့ကောင်ရ

ကဲကဲ အဲနေ့ ဆက်ဆက်လာနော် တခြားမြန်မာတွေနဲ့ လည်းပိုပြီးခင်မင်သိကျွမ်းတာပေါ့
ဟုတ်ကဲ့ 

ဒါကတော့အစပေါ့
ကျောင်းလည်းဖွင့်ေ၇ာ senoirတွေကjuniorတွေရင်း၇င်းနှီးနှီးရှိအောင် နေရာတနေရာမှာချိန်းပြီး အမြဲlunchစားတယ်
အဲဒီမှာ တို့ ဆိုတဲ့ သူမနဲ့ တွေ့ ပြန်ရော
နေ့ တိုင်းနီးပါးထမင်းစားတိုင်းတွေ့ နေတာ
သူမကတော့ ကျနော်ထက်တနှစ်ပိုစောပြီးရောက်လာလို့ လားမသိဘူး
အိုင်တင်တွေအထာတွေပေးတာအရမ်းတော်တယ်
တခါတခါ ကျနော်ကိုလှမ်းလှမ်းကြည့် တယ်
ကျနော်မသိသလိုပဲနေပါတယ်
ယောကျာ်းလေးတွေဆိုတာစည်းကမ်းရှိတယ်ဗျ ကိုယ့်ဘော်ဒါ ချစ်သူကို ဘယ်တော့မှခေါင်းထဲမထည့် ဘူး
ဒါပေမယ့် အထာတွေပေးတဲ့ သူမမျက်လုံးတွေကျနော်သိတာပေါ့
သူမကို သူ့ ဘဲဆီကလုစေချင်နေတာ
ကျနော်ဆိုတဲ့ ကောင်ကလည်း ဘယ်တော့မှနှလုံးသားနဲ့ ခံစားတတ်တဲ့ ကောင်မဟုတ်ဘူး
ဘာလုပ်လုပ်ဦးနှောက်ပဲသုံးတယ်
မိန်းမတယောက်အတွက်နဲ့ ယောကျာ်းတယောက်ကို ဖိုက်ရဖို့ ဦးနှောက်ကအဲလောက်ထိအားမပေးဘူး
မကြာပါဘူး
သူမက yr3 ကျနော်ကyr2
နောက်ဆုံးတော့လည်းဒီဘူတာပဲဆိုက်တာပဲ
သူ့ ဘဲကgraduateသွားတော့ သူမကိုအချိန်မပေးနိုင်တော့ဘူး
အချိန်မပေးရကောင်းမလားဆိုပြီး သူမ ဘာသာသူမ ဖြတ်လိုက်တာ
ဟိုတယောက်တော့သနားပါတယ်ဗျာ ၃နှစ်၃မိုးတွဲလာတာ
ဒီကောင်ခမျာ ယူဖို့ တောင်စီစဉ်ထားတယ်ဆိုပဲ

သူ့ ဘဲနဲ့ လည်းဖြတ်ရော ရင်ဖွင့်စရာမိန်းမလေးတွေရှိပါရက်နဲ့ 
ကျနော်ပုံခုံးပေါ်လာငိုပါလေရော
ကျနော်လည်းမငိုပါနဲ့  ပေါ့
လောကမှာကောင်းတဲ့ ယောကျာ်းတွေအများကြီးပါ ဘာညာပေါ့
တတ်သလောက်အားပေးလိုက်ပါသေးတယ်
သူမကဘာမေးတတ်မှတ်လဲ
အဲဒီကောင်းတဲ့ ယောကျာ်းတွေအများကြီးထဲမှာ သူရောပါလားဟင်တဲ့ 

ကျောင်းကလူတွေမသိသေးတာတခုရရှိသေးတယ်ဗျ
ကျနော်မှာ စင်ကာပူမှာအနေကြာပြီး ကျောင်းတက်နေတဲ့ မြန်မာမလေးတယောက်ရှိသေးတယ်
ကျောင်းမှာ ရှုပ်ရှုပ်ရှက်ရှက်မရှိဆို အပြင်မှာကျနော်ကရှုပ်နေတာကိုး
ဘေဘီနဲ့ ကျနော်နဲ့ သိတာ 1st semအပြီးလောက်တည်းက part timeအလုပ်မှာတွေ့ တာ
ဘေဘီ တခြားမိန်းကလေးတွေနဲ့ မတူဘူး
မြန်မာပြည်ကနွယ်လို တပူပူတဆာဆာလည်းမဟုတ်ဘူး
ကျောင်းကseniorတို့ ဆိုတဲ့ ကောင်မလေးလို အထာလည်းမပေးတတ်ဘူး
သူဟာသူ အေးအေးဆေးဆေးနေတယ်

တို့  က ခုထိကျနော် ပုခုံးပေါ်ကနေ သူမခေါင်းကမခွာသေးဘူး
ထိုခဏ
အိတ်ထဲကhpကvibrationဖြစ်နေသည်

“Darling where are you?”
“I’m in school”
“ok, fetch me at 6,Bye” ဘေဘီက သူမကိုလာကြိုခိုင်းသည်
“ဟို ယူ ငိုလို့ မဝသေးရင်လည်း canteenမှာ ဖြူတို့ ရှိတယ်
ကျနော်သွားစရာရှိလို့ သွားလိုက်ပါအုံးမယ် တောင်းပန်ပါတယ်နော်”
ကျနော်ကျောပိုးအိတ်ကို လွယ်ပြီး MRTရှိရာကို အသားကုန်ပြေးလာခဲ့ သည်
“တို “့ကတော့ half feelကြီးနဲ့ ကျန်ခဲ့ မှာသေချာတယ်

ဘာလိုလိုနဲ့ သင်္ကြန်ရောက်လာသည်
“တို့  “က အကမှာပါသည်
ကျနော်ကတော့လုံခြုံရေးပေါ့
ခုထိဒီဇာတ်လမ်းကမပြီးသေး
သင်္ကြန်လည်းပြီးေ၇ာ “တို့ ” ကအဝတ်အစားလည်းပြီး လူအုပ်ကြားထဲမှာ အားရပါးရကနေသည်
ကျနော်ကတော့ လူထိန်းဖို့ ဆိုတော့ ဝင်ပါလို့ မဖြစ်
အဲဒါကို ကျနော်လက်အတင်းဆွဲပြီး လူအုပ်ထဲခေါ်သည်
စောင့်တဲ့ သူငယ်ချင်းတွေကလည်း သွားကပါ သူတို့ ဆက်ထိန်းထားပေးမယ်ပေါ့
ဘေးကလူတွေကတော့ ကျနော်ကိုသူ့ ရည်းစားများထင်နေမလားမသိဘူး
“တို “့ကတော့အတော်လေးမြူးနေသည်

မကြာပါ
ကျနော်မျက်နှာကိုဘယ်ကမှန်းမသိလက်သီးတလုံးဝင်လာသည်
“ဟေ့ကောင် ကြာကူလီ
မင်းက ငါ့ စော်ကိုလာကြူနေတယ်ပေါ”့
အသံလာရာဆီလှည့်ကြည့်လိုက်တော့ ကျနော်ရဲ့ စီနီယာအကိုကြီး “တို “့ရဲ့ ရည်းစားအဟောင်းကြီး
မူးမူးနဲ့ ရူးရူးဖြစ်နေသည်
လူအုပ်ကြီးကကရာကနေ ကျနော်တို့ ဘက်ကိုဝိုင်းကြည့် ကြသည်
ကျနော် ရှက်လွန်းလို့ ထူပူမိသည် တသက်တကိုယ် မိန်းမနဲ့ ပတ်သက်လို့ အစော်ကားမခံခဲ့ ရ
ခုတော့ ဘာမှမဟုတ်တဲ့ ကျောင်းကစော်ကြီးကြောင့် အရှက်ကွဲခဲ့ရပြီ
မာယာများတဲ့ မိန်းမတွေ
ရှေ့ တမျိုး နောက်တမျိုး လိုရင်တမျိုး မလိုရင်တမျိုး
လူတွေကလည်း စပြီးထင်မျက်ချက်ပေးနေပြီ
ကျနော်ရှက်ရှက်နဲ့ လူအုပ်ကြားထဲကထွက်ပြေးလာခဲ့ သည်
ဘယ်ကိုပြေးနေမှန်းကျနော်မသိ တခုခုဆီကိုတော့ ဦးတည်နေသည်
တနေရာရာဆီကိုကျနော်အရောက်ပြေးနေမိသည်
auditoriumရောက်တော့babyကိုတွေ့ လိုက်သည်
ဘေဘီရဲ့ ပထမဆုံးအကြိမ် မြန်မာpolyသင်္ကြန်ပွဲလာကြည့် ခြင်းပင်
သူကြည့် တဲ့ အခါနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျနော် စီနီယာမကြီးကောင်းမှုကြောင့် အရှက်အကွဲခံခဲ့ ရသည်
ဘေဘီကိုတွေ့ တော့ ကျနော်တင်းကြပ်စွာဖက်ထားလိုက်သည်
သူမကတော့  ပြုံးပြုံးလေးအေးမြတည်ကြည်တဲ့ အသံနဲ့ 
“you are my only B no matter how they think of you.”
အားဆေးတခွက်ပါပဲ ဘေဘီ

ကျောင်းပြီးတော့ သတင်းကောင်းတခုကရန်ကုန်လာသည်
နွယ်တယောက် ယောကျာ်းယူသွားပြီတဲ့ 
ကျနော်တောင်သူ့ အပေါ်သစာ မရှိခဲ့ တာ သူ သစာဖောက်တာကိုကျနော်အဆိုးမဆိုပါဘူး
စီနီယာ “တို့ ”ဆိုတဲ့ မိန်းကလေးကတော့ ခုထိယောကျာ်းတွေကိုတွဲပြောင်းနေတုန်းတဲ့ 
မြန်မာမိန်းကလေးတယောက်ဖြစ်ရက်နဲ့ socialအကျလွန်ပြီး “ပြောင်းတွဲကြီး”လို့အခေါ်ခံရတာတောင်သူဂုဏ်ယူနေသေးတယ်

ကျောင်းပြီးလို့ တနှစ်ကြာတော့ ဘေဘီကိုကျနော်လက်ထပ်ခွင့်တောင်းလိုက်သည်
သူမက “I do”တဲ့ 
ပြီးတော့ ကျနော်နှုတ်ခမ်းကိုအနမ်းတပွင့်ပေးလိုက်တယ်
အဲဒီနေ့ ကကျနော်ဘဝမှာအပျော်ဆုံးနေ့ ပေါ့



mother day

Mother day

မိခင်များနေ့ တွေကို ဘဝမှာအကြိမ်ကြိမ်ကျော်ဖြတ်ခဲ့ပေမယ့် အမိုးကို ကျုပ်ဘာမှမှတ်မှတ်ရရလက်ဆောင်မပေးဖူးဘူး
ပေးခဲ့ ဖူးတာဆိုလို့  လွန်ခဲ့ ဘယ်နှစ်နှစ်ကမှန်းမမှတ်မိတော့တဲ့ နှစ်တနှစ်တုန်း က ဘုရားကျောင်းကပေးခဲ့ နှင်းဆီးပန်းနီနီတပွင့်ကို အမိုးရင်ဘတ်ပေါ်မှာထိုးပေးခဲ့ ဖူးတာပဲရှိတယ်
ဒါတောင် လူရှေ့ မှာဖြတ်လျှောက်ရမှာရှက်လို့  ပန်းကိုင်တဲ့ သူတွေ အမိုးအနားအလာကိုစောင့်ပြီး
ပန်းတပွင့်ကိုဗန်းပေါ်ရယူပြီးရှက်ရှက်နဲ့ အမြန်ထိုးပေးလိုက်ရတာ

တချို့ နှစ်တွေဆို အမိုးနဲ့ အပါးနှစ်ယောက်တည်းဘုရားကျောင်းကိုသွားကြတယ်
ဒီလိုမိခင်များနေ့ ဆိုရင် အမိုးရဲ့ ဘေးမှာပန်းထိုးပေးနေကျကျုပ်က အိမ်မှအိပ်ပျော်လို့ ကောင်းတုန်း
လူလောကထဲကျုပ်ရောက်လာတာ စက်တင်ဘာ ၂၆ဆို ၂၂နှစ်ရှိတော့မယ် ဒါပေမယ့် အမိုးကိုမိခင်များနေ့ အထိမ်းအမှတ်နဲ့ သူမရဲ့ ရင်ဘတ်ပေါ်ပန်းထိုးပေးတာ သေသေချာချာရေကြည့်မယ်ဆို ရင် လက်ငါးချောင်းတောင်မပြည့်ခဲ့ ဘူး

ဒီနှစ်ကတော့အမှတ်တရလေးပါပဲ
အမိုးက ဒီလဆို သူမအသက်ကရွှေရတုပြည့်ပြီလေ
သူမမွေးတဲ့ လမှာပဲ မိခင်များနေ့ ကလာကျတယ်

ဘာရယ်လို့ မသိပါဘူး ကျုပ်စိတ်က အမိုးအတွက်တခုခုဝယ်ပေးချင်တယ်
မတ်လ ၂၈ Bကိုboonlayမှာသွားကြိုရင်း jurong pointကgiftshopထဲဝင်ကြည့်မိတယ်
အဲဒီတုန်းက ပိုက်ဆံအိတ်ထဲမှာ ၂၀ဒေါ်လာတောင်မပါသွားဘူး
ဟိုဟြာ့ကည့် ဒီဟာကြည့်နဲ့  little bearလေးကိုတွေ့ သွားတယ်
ဒါပဲဝယ်ရင်ကောင်းမလားစဉ်းစားရင်းနဲ့ motherဆိုတဲ့ meaningကိုရေးထားတဲ့ magnetကိုတွေ့ ပြန်ရော

အမြဲတမ်းဈေးဝယ်ရင် ဘာမှမစဉ်းစားတတ်တဲ့ ကျုပ် အဲဒီတုန်းက အားလုံးပေါင်းမှ ၅၀ဒေါ်လာတောင်မကျော်တဲ့ ဝက်ဝံရုပ်လေးရယ် fridgeမှာကပ်လို့ ရတဲ့ magnetရယ်present boxရယ်ဖိုး ကိုတွက်နေတာ နာရီဝက်လောက်ကြာခဲ့ တယ်

မတ်လ ကုန်လောက်ကစပြီး ကျုပ်အလုပ်မလုပ်တော့ဘူး ဘိုင်ကပြတ်ချင်သလိုလိုဖြစ်တော့မယ်ဆိုမယ်တော့ ဘာမှမဟုတ် ၅၀ဖိုးလောက်ကိုအဲဒီတော့မှာသဲကြီးမဲကြီးတွက်နေရတာ

ဒါပေမယ့်လည်း အကျင့်ပါနေတဲ့ လက်ကNets cardကိုထုပ်ပြီးရှင်းပစ်လိုက်တယ်

၁၁-၅-၂၀ဝ၆
ကျောင်းကပြန်လာတော့ အိမ်မှာဧည့်သည်တွေရောက်နေပြီ
အမိုးဖို့ လက်ဆောင်တွေယူလာတဲ့ သူကယူလာနဲ့ 
ကျုပ်လည်းအားကျမခံ အခန်းထဲကသိမ်းထားတဲ့  မွေးနေ့ လက်ဆောင်ကို ပေးလိုက်တယ်
၂၂နှစ်လုံး တခါမှာ မပေးဖူးတဲ့ ကျုပ်ရဲ့ ပထမဆုံးလက်ဆောင်လေးပါ
တန်ဖိုးတော့မကြီးပေမယ့် အမိုးရဲ့ မျက်နှာက လျှပ်တပြတ်ပျော်ရွှင်မှုလေးကိုကျုပ်ခဏမြင်လိုက်ရတယ်
ကျုပ်ပေးရကြိုးနပ်သွားတယ်

အခါတော်တော်များမှာကျုပ်ဟာအမိုးစကားကိုနားထောင်လေ့မရှိဘူး
လွန်ခဲ့ တဲ့ ၂နှစ်လောက်ကစပြီးကျုပ်part-timeစလုပ်ခဲ့တယ်
အဲတုန်းက အမိုးကပြောတယ်
ကိုယ်လုပ်လို့ ရတဲ့ ပိုက်ဆံကိုသိမ်းထား အရေးအကြာင်းရှိရင်သုံးလို့ ရတယ်
အမ် အမ် လို့ ပြောပြီးရသမျှကို ရုပ်ရှင်ကြည့်ပစ် Burger Kingစားပစ်နဲ့ 
လမကုန်ခင် amountကminusပြနေပြီ
အဲဒီအထိအမှတ်ကမရှိသေးဘူး သုံးလို့ ကောင်းတုန်း
ကျုပ်ရဲ့ feb payslipကို ကြည့်မိလိုက်တယ်
လွန်ခဲ့ တဲ့ ၂နှစ်လောက်တည်းကလုပ်လာတဲ့ part-timeရဲ့ yieldက ၅ထောင်ကျော်ရှိတယ်
ဒါပေမယ့် အဲဒီငါးထောင်ကိုခုပြလို့ ဆိုရင် စင်ကာပူတနိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံ KFC,B.K & Macဆိုင်တွေကိုလက်ညိုးထိုးပြရမှာပဲ

ကျုပ်သာအမိုးစကားကိုအဲဒီထဲကနားထောင်ခဲ့ မယ်ဆိုရင်
သူမရဲ့ ရွှေရတုပြည့် မွေးနေ့ နဲ့ မိခင်များနေ့ မှာ သူမအတွက် ၅၀ဝတန် လက်စွပ်တကွင်းလောက်အသာလေးဝယ်ပေးနိုင်ခဲ့မှာ
ခုတော့ ၅၀တန်အောက် လက်ဆောင်လေးနဲ့  ကျုပ်ရဲ့ တကိုယ်ကောင်းဆန်ဆန်သုံးစွဲမှုကိုကြိုးစားပြီးဖုံးကာနေရပြီ

Mother
Thank you for Caring
Thank you for Loving
Thank you for giving
& Sharing so much
of yourself..
Dedicate this to every single and one monther in this world and God bless you all.:hug:



မိုးတွေကရွာ..

ဗိုက်ကလည်းဆာ..

စားမယ်ကြံတော့ဘာမှမရှိ..

ရှိတဲ့ဟင်းကျ မကြိုက်ပြန်…

ငပိရည် ပူပူနွေး…ငရုတ်သီးမှု န့် စပ်စပ်နဲ့ …သခွါးသီးလေးတို့ .. ကြက်ဥလေးကြော်ပြန်ရင်လည်း ဖြစ်ရက်သားနဲ့ …

သိတယ်မဟုတ်လား…

မိစိလေ..

မိုးကရွာ..အပျင်းကကြီး..

ဖင် ကနေရာကမရွေ့ ချင်..

စားချင်တာသာ..ထိုင်ရာကနေ တတွတ်တွတ်သနဲ့ …

မနက်စာကျော်လို့  နေ့ လည်စာလည်း လွန်လာ…

ဗိုက်ထဲမှာ အို..တကယ်ဘာမှမရှိ…

တရင်း…တရင်း.. ညနေစာရောက်တော့မယ်..

အို..ငပိရည်ပူပူနွေး… ငရုပ်သီးမှုန့် စပ်စပ်လေး.. သခွါးသီးတို့ စရာနဲ့ ကြက်ဥကြော်ကလေးတွေ..

ငါရှေ့ တော်အမြန်ရောက်လာရင် ကောင်းလေစွ… ကောင်း..ကောင်းလေစွ….

ပျင်းတယ် ပြန်အိပ်အုံးမယ်… …



၈၈နှစ်ပတ်လည် အခမ်းအနား လုပ်ခဲ့တာလည်း အခါ ၂၀ပြည့်သွားပြီ။

ဒီပဲယင်း လူသတ်ပွဲနစ်ပတ်လည်လုပ်ခဲ့တာလည်း ၅ခါရှိသွားပြီ။

အာဇာနည် နေ့ ဆို ပြောမနေနဲ့ တော့…

လွတ်လပ်ရေးနေ့ ဆို ပိုတောင်ဆိုး..

အမျိုးသားနေ့ ဆို လုပ်ရလွန်းလို့ ဘယ်နှစ်ခါတောင်မမှတ်မိ။

နှစ်သာလည်သွားတယ်။… စုတ်ပြတ်နေတဲ့ ဘ၀တွေကနေ မလည်သေးဘူး။

ကတိတွေတာ ပေါလာတယ်.. မျှော်လင့်ချက်တွေ  ကုန်ဆုံးနေပြီ။

စားတာတွေလည်း များနေပြီ။

သတ်တာတွေလည်းများနေပြီ။

ဖမ်းတာတွေလည်း များနေပြီ။

ပြန်မလာတာတွေလည်းများနေပြီ။

စက်တင်ဘာအရေးအခင်းတဲ့ ..ဘာတဲ့ တနှစ်ပြည့်တော့မယ်ဆိုပဲ.

အဲလို ပဲ.. နောင်နှစ်ကြရင် နာဂစ်ဆိုပြီ နှစ်ပတ်လည်တွေလာအုံးမယ်။

အဲလိုပဲ နှစ်တွေပတ်ပြီးလည်ကြပါစေ…

ဒီစုတ်ပြတ်နေတဲ့ ဘ၀ကတော့နောက် ၁၀နှစ်အချိန်ပေးတာတောင် လည်အုံးမှာမဟုတ်သေးဘူး….



စိတ်ကူးယဉ်တာကိုလူတွေက လေထဲတိုက်ဆောက်တယ်လို့ ပြောကြတယ်။  ဘာမှမရှိဘူး အာပလာပေါ့။ လေပဲရှိတယ် ဘာညာကွိကွပေါ့။

အဲဒီတော့  လူတွေက လေထဲတိုက်ဆောက်မနေနဲ့ လက်တွေ့ မှာဆောက်လို့ ပြောကြတယ်။

တကယ်တမ်းပြန်စဉ်းစားကြည့်ရင် လေထဲတိုက်ဆောက်တယ်ဆိုတဲ့ စကားဟာ အခြေအနေတခုကို တောင်ပြောင်းလဲဖြစ်နိုင်တယ်။

လေထဲမှာတောင် တိုက်ဆောက်လို့ ရရင် ဘာလို့ များ လက်တွေ့ မှာ မဆောက်နိုင်ရမှာပဲ။

စီငယ်ငယ်တုန်းကမချမ်းသာဘူး။ ဆင်းရဲမဆင်းရဲဘူး။

အဲဒီတော့ ဆင်းရဲတဲ့ လူတွေထက် ဆိုးပြီး..

လူချမ်းသာတွေထက် ပိုလိမ်မာတယ် ဟဲဟဲ..သုံးဖြုန်းတဲ့ နေရာမှာရော..မိဘကိုပြန်ပြောတဲ့ နေရာမှာရော  ဟီးဟိ။

ပျင်းတာကတော့ပြောမနေနဲ့ ။ ငတ်နေတာတောင်   အစာရှိတဲ့ နေရာကို လမ်းလျှောက်သွားရမှာစိုးလို့ အငတ်ပဲခံတယ်။  လာကျွေးတဲ့ အထိစောင့်နေတယ်။ စီတို့ လို လူမျိုး  နာဂစ်မုန်တိုင်းထဲပါလို့ ရှင်ရင်တော်ရုံတန်ရုံငတ်မသေဘူး။ နဲနဲအသက်ပြင်းတယ်။ အပျင်းကြီးလို့ ။ဟာ..ဟုတ်ပါဘူး… စတာနော်။ အတည်မှတ်လို့ ရတယ်။ ဟဲဟဲ။

လူတွေတာ ကိုယ့်အတွက် အနာဂတ်ပန်းတိုင် တခုလောက်တော့ရှိရမယ်တဲ့ ။ အဖပြောတာပဲ ဟုတ်လားမဟုတ်လားတော့မသိဘူး။

အဲဒီပန်းတိုင်ကို မှန်းပြီး  ဘ၀ကို ရပ်တည်ရမယ်တဲ့ ။ ဒါပေမယ့်  စီ မြန်မာပြည်ပြန်ပြီးတောခိုမယ့် ပန်းတိုင်ပြောတုန်းက အဖ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တယ်။ ဆိုလိုချင်တာက စီမှန်းတဲ့ ပန်းတိုင်မှားနေတယ်ပေါ့နော်။ဘာရယ်တော့မဟုတ်ပါဘူး။ တောခိုရင် ရမ်ဘိုနဲ့ တွေ့ လို တွေ့ ငြားပါ .. ဟာ  အမှန်တွေပေါ်ကုန်ပြီ။အဲလိုမထင်နဲ့ နော်..  တိုင်းပြည်နဲ့ လူမျိုးအတွက် တောထဲမှာ ခြင်သွားရိုက်မလို့ … စစ်သားပါးတွေရိုက်လို့ မရမယ့်အတူတူ တောထဲမှာ ခြင်ကြားတွေသွားရိုက်တာမှ  သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရာရောက်အုံးမယ်။ပြောသာပြောတာနော်။ ခြင်ကိုက်ခံ၇တဲ့ ဒဏ်က နည်းနည်းနောနောမဟုတ်ဘူး။

ရန်ကုန်ပြန်တုန်း က ခြင်ထောင်နဲ့ အိပ်တာတောင် ညရောက်တော့ ခြင်ထောင်နားလေး ယောင်ပြီးကပ်အိပ်မိပါတယ်။ မနက်မိုးလင်းတော့ လက်မှာ ခြင်ကိုက်ရာ တွေ တပြွတ်ကြီး ဟာအနီကွက်တွေဆိုတာ မသိရင် Aids.ရောဂါသည်ကျနေတာပဲ။(ကြုံတုန်းဆေးစစ်ထားအုံးမှ၊ခုမှသတိရတယ်..အဟိ)…ဒါတောင် ရန်ကုန်ခြင်နော်။

မြန်မာပြည်နယ်စပ် တောထဲက ဒုကသည်တွေဆို ဘယ်လောက်ခံစားရရှာမလဲ။တခါတလေ..စီလေ အစိုးရကိုနားမလည်ဘူး။ အမှန်အတိုင်းပြောရရင် အစိုးရအကြောင်းတွေးတိုင်း  အစိုးရကို ဘယ်လိုမှ ခံပြီးစား အဲ.. ခံစားလို့ ကိုမရဘူး။မြန်မာပြည်ထဲကတိုင်းရင်းသားအရင်းနဲ့ အခေါက်ကြီးတွေကိုတောင်.. ဟိုဘက်မောင်းထုတ်.. ဒီဘက်မောင်းထုတ်နဲ့ ။

တနိုင်ငံလုံး မြန်မာလူမျိုးတွေချည်းပဲပိုင်နေတယ် မှတ်နေလား။ကရင်၊မွန် ၊ရှမ်း ၊ကယားတွေလည်း ထိုင်းဘက်ရောက်..

ချင်း၊ရခိုင်တွေလည်း ကုလားပြည်ဘက်ရောက်။ဒါတောင် ဧရာဝတီတိုင်းက  ကရင်တွေဘယ်မောင်းထုတ်ရမလဲမသိလို့ ပင်လယ်ထဲမောင်းထုတ်။မြစ်တွေချောင်းတွေထဲမှာ ဘောလောကြီးပေါ်

သိပ်လောဘကြီးတာပဲ။ ဘာမှန်းကိုမသိဘူး ဟွန့် ။

လူဆိုတာ တကယ်လို့ ကိုယ် ကောင်းစားပြီဆိုရင် တယောက်တည်း ထိုင်စားမနေရဘူး။ ကိုယ့်ထက်ချို့ တဲ့ တဲ့ သူတွေကိုပြန်ပြီး ပေးကမ်းရတယ်။

ဒါပေမယ့် လူတွေမဟုတ်လား။ ကိုယ်တကယ်ကောင်းစားပြီးဆိုရင်… ကိုယ့်လင် ကိုယ့်မယား ကိုယ့် သားသမီး… မြေးမြစ် တီတွက် ဗွှတ် ဗြတ်… ဆွေ၇ဆက်မျိုး၇ဆက် အတွက်ကို ပါ မသေခင်ရှာထားသေးတယ်။ ကိုယ့်ပတ်ဝန်းကျင်က  ဆင်းရဲချို့ တဲ့တဲ့သူတွေကို မေ့နေတတ်တယ်။

အဲဒီမှာ… စီရဲ့  လေထဲတိုက်ဆောက်တဲ့ အနာဂတ်ပန်းတိုင်လေးတခု (တခုဆိုကတည်းက တခြားဟာတွေရှိသေးတယ်ဆိုတာသိသင့်တယ်  ဟားဟားဟား)၀င်လာတာပဲ။

တောထဲကို တနေ့ သွားကိုသွားမယ် ။ ခြင်သွားရိုက်ဖို့ တော့မဟုတ်ဘူး။ တောထဲက ကလေးတွေအတွက် တခုခုသွားလုပ်ပေးမလို့ ။ ပြီးရင် မြန်မာပြည်ထဲက ဆုံးရှုံးသွားခဲ့တဲ့ သူတို့ ပိုင်ဆိုင်မှုလေးတွေပြန်ရအောင်ယူမယ်။

စိတ်ဓါတ်မြင့်မြတ်တဲ့ လူတယောက်ဟာ.. ကိုယ်မှာပိုင်ဆိုင်မှုတခုအတွက်ပျော်ရွင်မှုကို ရရှိရင် အဲဒီပျော်ရွှင်မှုကို တခြားသူတွေကို ပါ ခံစားခွင့်ပေးနိင်စွမ်းရှိရမယ်။ ကိုယ်တယောက်တည်းပိုင်ဆိုင်ရမယ် ဆိုပြီး ဥစာခြောက်နေလို့ မရဘူး။လူတော်တော်များများက အဲဒီဥစာခြောက်တတ်တဲ့ ရောဂါရှိနေလို့ ပူလောင်နေတာ။ နောက်ကြောင်းတွေမအေးဖြစ်နေတာ။  သေရင်တောင် ငုတ်တုတ်သေမယ့်အမျိုးတွေ.. I mean  ဥစာခြောက်ပြီး သေတဲ့ မသာတွေကိုပြောတာ။

အဲဒီစီမံကိန်းကိုတော့ စီ ၁၅နှစ်လျာထားတယ်။ အရင်းအနှီးလိုတယ်မဟုတ်ပါ (မှတ်ချက်။ အလှူခံနေခြင်းမဟုတ်ပါ)။

အဲဒီအတွက် အရင်းအနှီးကို စီလက် စီခြေနဲ့ ရှာပြီးရတဲ့ ငွေနဲ့ မတည်မယ်။ ပြီးရင်  စီကိုယ်တိုင် ဦးစီးပြီး ကလေးတွေအတွက် သူတို့ ရဲ့  အနာဂတ်တွေကိုဖန်ဆင်းခိုင်းမယ်။

စီအတွက်ကတော့ ဘုရားသွားအလှူလုပ်တာထက်  ကိုယ့်ထက်  less fortunateဖြစ်တဲ့ သူတွေကို လှူတာပို feel လာတယ်။

အဲလို..အဲလို… အနာဂတ်မှာ စိတ်ကူးလေးတခုရှိတယ်။



ဘုရင်များစွာ

မြန်မာဘုရင်တွေအကြောင်းတလော က တွေ့ လို့ ဖတ်ကြည့်လိုက်တယ်။စာရေးတဲ့ သူတွေ တော်တာလည်းပါမယ်ထင်တယ်။

အင်းလေ.. စာရေးဆရာလုပ်ပါတယ်ဆိုမှ..ပရိတ်သတ်တွေဖတ်လို့ ကောင်းအောင် ပြေပြေပြစ်ပြစ်ရေးရမှာပေါ့။

မြန်မာလူမျိုးတွေ  ရှေးခတ်က မြန်မာဘုရင်တွေကို အားကျတာလည်း မပြောနဲ့ လေ။ လက်၇ဲဇက်ရဲ နိုင်တာကိုး။

သားက အဖေ ကို သတ်… တူတွေက ဦးလေးကို သတ်နဲ့ ။ သတ်တာတောင် ရိုးရိုးမသတ်ဘူး။  ခေါင်း ဖြတ်သတ်တာပိုများတယ်။

မယားတွေကလည်း လင်ကို အဆိပ်ခတ်သတ်။ မယားကြီးက မယားငယ်ကို ရေနစ်သတ်။ အဲလို ပြောမဆုံးပေါင် တော ၃တောင်  သတ်ခြင်းပေါင်း များစွာနဲ့ လစ်ရင် လစ်သလို သတ်နေတာ ကို ခုခေတ် မြန်မာလူမျိုးတွေက အတုယူချင်ကြတယ်။

စာရေးစရာက ရေးတတ်တာကိုး။

တကယ်တမ်း သမိုင်းဆိုတာ  မမေ့ ပျောက်ကောင်းပေမယ့် ခုလက်ရှိ စီတို့ သိထားတဲ့ သမိုင်း က သမိုင်းအသစ်အမှန်မှဟုတ်၇ဲ့ လား။လူတွေပါးစပ်ထဲ စိတ်ကူးပေါက်ရာရေးထားတဲ့  စိတ်ကူးယာဉ် ဆန်ဆန် သမိုင်းရောမဖြစ်နိုင်ဘူးလား။

စာရေးတဲ့ သူတွေက တခါတလေ… ဘယ်ဘုရင်ခေတ်မှာ တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောတာ…

ဘယ်ဘုရင် က ဘယ်နိုင်ငံအထိ တက်တိုက်တာ။  ဘယ်လောက်အင်အားကောင်းတာ။

ဒါပေမယ့် တိုက်ပွဲမှာ စစ်သားဘယ်လောက်…  ဒီဘုရင်ရဲ့  ခေါင်းမာ မှုကြောင့် သေခဲ့ ရတယ်ဆိုတာ ကို သိပ်မဖော်ပြခဲ့ ကြဘူး။ မိန်းမတွေ အမေတွေ ဘယ်နှစ်ယောက်လောက် လင်မဲ့ ၊ သားမဲ့ ဖြစ်ခဲ့ ကြရလဲဆိုတာတွေမပါဘူး။

ဘုရင်ကို လူကြမ်းမင်းသားထင်သွားမှာစိုးလို့ နဲ့ တူတယ်။

သမိုးင်း(လက်ရှိလူတွေ ရေးထားတဲ့ ) ကို ပြန်ကြည့်လိုက်ရင်  မြန်မာ ဘုရင်တွေက  ၉၉ % လောက်က ဘ၀င်တွေပဲ။

နည်းနည်း ဖားတတ်တယ်ဆိုရင် လူယုံတော် သွင်းလိုက်တာပဲ။ ဒါကြောင့်လည်း မြန်မာဘုရင် တော်တော်များများက လုပ်ကြံခံပြီး သေသွားကြတာ။ ကိုယ့် လူယုံ မလုပ်ကြံရင်တောင်မှာ မယားက လုပ်ကြံလိုက်၊ သားကလုပ်ကြံလိုက်နဲ့  တကြံကြံနဲ့ တော့ သေသွားကြတာချည်းပဲ။

ဟေး.ဒီ မြန်မာရာဇ၀င်တွေထဲက မြန်မာဘုရင်တွေ ခြောက်ပစ်ကင်းသဲလည်းစင်  မြင့်မြတ်တယ်လို့ ယူဆလား။

အဲဒီဘုရင် ခေတ်က လူတွေကရော ခုခေတ် မြန်မာလူမျိုးတွေလို့  ဒုကခအတိနဲ့ မခံစားရဘူးလားလို့ ပြောနိုင်မလား။

ဘုရင် ဘုရင်ဆိုပြီး… ကိုယ့်  ဂုဏ် အာဏာ ကျော်စောချင်တာနဲ့   ပြည်သူတွေကို စစ်တပ်ထဲဝင်ခိုင်းပြီး တခြားတိုင်းပြည်တွေလိုက်တိုက်တုန်းက  မြန်မာပြည်ထဲကျန်ခဲ့ တဲ့   မိဘပြည်သူတွေ ပီတိအတိနဲ့   ကျန်ခဲ့ မယ်လို့ ထင်လား။

ဒီဘုရင်တွေကို သောက်ရမ်းအားကျပြီး ဘုရင်ရူးရူးနေတဲ့  မြန်မာပြည်က သောက်ရမ်းအသုံးမကျတဲ့  အစိုးရကို လည်း သတိထားဆင်ခြင်စေချင်တယ်။နောက်ဆုံးတော့  ဘယ်သူပုန်..ဘယ်ကျောင်းသား..ဘယ်ဘုန်းကြီး.. ဘယ်ပြည်သူမှ သတ်လို့ မသေပဲ..

ကိုယ့် လူယုံ.. ကိုယ့်မယားသတ်လို့ သေရော့မယ်။

တခါတလေ..မြန်မာသမိုင်းကို မယုံချင်ဘူး။အဲဒီဘုရင်တွေ အုပ်စိုးတဲ့  ခေတ် တခေတ်ကို တခါလောက် ရောက်ဖူးချင်တယ်။ ..အထူးသဖြင့် တပင်ရွှေထီးခေတ်ပေါ့။